ကျွန်ုပ်တို့အကြောင်း
ရန်ကုန်မြို့၊ မြန်မာနိုင်ငံတွင် အခြေစိုက်သည့် အသိအမှတ်ပြု အလုပ်အကိုင်ရှာဖွေချိတ်ဆက်ပေးသည့် Recruitment Agency တစ်ခုဖြစ်ပါသည်။
ကျွန်ုပ်တို့သည် လုပ်ငန်းနယ်ပယ်အမျိုးမျိုးအတွက် Recruitment ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပြီး GCC နိုင်ငံများ၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့အတွက် လူ့စွမ်းအားအရင်းအမြစ်များကို ရှာဖွေချိတ်ဆက်ပေးလျက်ရှိပါသည်။
တန်ဖိုးထားရသော မိတ်ဖက်ကုမ္ပဏီများအတွက် လွယ်ကူမြန်ဆန်ပြီး အကောင်းဆုံးနည်းလမ်းများဖြင့် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ကျွန်ုပ်တို့ အစဉ်အမြဲ အလေးထားဆောင်ရွက်ပါသည်။
ကုမ္ပဏီများ၏ လိုအပ်ချက်နှင့်အညီ လုပ်ငန်းနယ်ပယ်အသီးသီးအတွက် Professional၊ Skilled၊ Semi-skilled နှင့် Unskilled လူ့စွမ်းအားအရင်းအမြစ်များကို သင့်လျော်စွာ ရှာဖွေရွေးချယ်ပေးပါသည်။
စိတ်အားထက်သန်မှု
ကျွန်ုပ်တို့၏ စိတ်အားထက်သန်မှုမှာ ကုမ္ပဏီများ၏ လုပ်ငန်းတိုးတက်မှုနှင့် ဝင်ငွေတိုးတက်လာစေရန် အထောက်အကူပြုမည့် ထူးချွန်ပြီး ဆန်းသစ်တီထွင်နိုင်သော လူ့စွမ်းအားအရင်းအမြစ်များနှင့် အကောင်းဆုံးကိုက်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ချိတ်ဆက်ပေးရန် ဖြစ်ပါသည်။ ထို့အပြင် ဝန်ထမ်းများ၏ အရည်အချင်းနှင့် အလားအလာများကို အကောင်းဆုံးဖွံ့ဖြိုးတိုးတက်စေနိုင်မည့် သင့်လျော်သော ကုမ္ပဏီများနှင့်လည်း ချိတ်ဆက်ပေးရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်
ကျွန်ုပ်တို့သည် အမြဲတမ်း ပိုမိုကောင်းမွန်တိုးတက်လာစေရန်နှင့် ဆန်းသစ်တီထွင်မှုများကို အစဉ်အမြဲ ရှာဖွေဖော်ဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ ဆောင်ရွက်သမျှ လုပ်ငန်းတိုင်းတွင် တိကျသေချာမှုနှင့် ပြီးပြည့်စုံသော ဝန်ဆောင်မှုပေးအပ်မှုတို့ဖြင့် မိတ်ဖက်ကုမ္ပဏီများနှင့် အလုပ်အကိုင်ရှာဖွေသူများ၏ စိတ်ကျေနပ်မှုကို ရရှိစေရန် ဖြစ်ပါသည်။
အတူတကွ လက်တွဲဆောင်ရွက်ကြပါစို့
- ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိသော ကျွမ်းကျင်အကြံပေးများက မိတ်ဖက်ကုမ္ပဏီများအတွက် အပြိုင်အဆိုင်ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သော ဖြေရှင်းချက်များကို ပေးအပ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပါသည်။
- ကမ္ဘာတစ်ဝန်းရှိ Recruitment Agency များနှင့် ခိုင်မာသော ချိတ်ဆက်မှုများရှိပြီး နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများကို ထိရောက်စွာ ချိတ်ဆက်ပေးနိုင်ပါသည်။
- One-Stop Service ဖြင့် Recruitment လုပ်ငန်းစဉ်တစ်ခုလုံးကို ရိုးရှင်းလွယ်ကူစေပြီး မိတ်ဖက်ကုမ္ပဏီများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးပါသည်။ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကိုလည်း ကြိုတင်ခန့်မှန်း၍ ထိရောက်စွာ ဖြေရှင်းပေးပါသည်။
- လျှောက်လွှာများနှင့် လိုအပ်သော စာရွက်စာတမ်းများကို အမှားအယွင်းမရှိဘဲ စနစ်တကျနှင့် သေသပ်မှန်ကန်စွာ ပြင်ဆင်ပေးပါသည်။
